"ပါရမီရှင်လိုလည်းသီချင်းရေးပါ၊ လေ့ကျင့်ရေးကွင်းဆင်းနေသူလိုလည်းတွေးပါ" cover art

"ပါရမီရှင်လိုလည်းသီချင်းရေးပါ၊ လေ့ကျင့်ရေးကွင်းဆင်းနေသူလိုလည်းတွေးပါ"

"ပါရမီရှင်လိုလည်းသီချင်းရေးပါ၊ လေ့ကျင့်ရေးကွင်းဆင်းနေသူလိုလည်းတွေးပါ"

Listen for free

View show details

ဘောလုံးသမားတွေ၊ လက်‌‌ေ၀ှ့သမားတွေ၊ အင်ဂျင်နီယာတွေ၊ ဒါရိုက်တာတွေ၊ ကင်မရာမန်းတွေ၊ သရုပ်ဆောင်တွေ၊ နောက်ဆုံးစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ လုပ်နေတဲ့ဟာတွေ ပုံမှန်အတိုင်းလုပ်နေနိုင်ဖို့ အိပ်နေလို့မရဘူး။ အမြဲတမ်းအဆက်မပြတ်အောင် လေ့ကျင်နေရတယ်။ လေ့လာ လိုက်စားနေရတယ်။ ဘောလုံးသမားတွေဟာ ဘောလုံးကွင်းထဲမှာ Training ဆင်းတယ်။ လက်‌ေ၀ှ့ သမားတွေဟာ Gym သွားတယ် ကြိုး၀ိုင်းထဲမှာ ထိုးကွက်သတ်ကွက်တွေကို လေ့ကျင့်ရတယ်။ သူတို့က ပါရမီရှင်တွေပါပဲ ဒါပေမယ့်အစဥ်တစိုက် လေ့ကျင့်မှု နှင့် လေ့လာမှု မရှိတဲ့အခါ အဲ့ဒီပါရမီရှင်တွေက ဘယ်တော့မှမတည်မြဲဘူး။


ပါရမီဆိုတာကို ကျွန်တော်တော့ စိတ်ပါ၀င်စားမှု စိတ်အားထက်သန်မှုက ရေရှည်စူးစိုက်အားထုတ်နိုင်မှုအပေါ် အခြေခံတယ်လို့ မြင်ကြည့်ချင်တယ်။ငယ်ငယ်တည်းကစိတ်ပါ၀င်စားတဲ့အရာတွေကို တစိုက်မတ်မတ်လုပ်လာရင်းနဲ့ အဲ့ဒါတွေက တစ်နေ့ တကယ်ဖြစ်လာနိုင်တဲ့သဘောမျိုးပေါ့။ သီချင်းရေးတဲ့သူတွေဆိုတာလည်း အဲ့လိုပဲ၊ ပါရမီရှိမယ်၊ ဖီလင်လာတဲ့အချိန် ရှိမယ်၊ အနုပညာဖန်တီးမှုတွေကို လေ့လာ နေတဲ့အချိန်ရှိမယ်။ တကယ်ဖန်တီးတဲ့အချိန်လည်းရှိမယ်။ ဖန်တီးတဲ့အခါမှာလည်း ပါရမီရှင်လိုလည်း ရေးတာ တစ်ဖက် လေ့ကျင့်ရေးကွင်းဆင်းနေတာလို့ သဘောထားပြီးရေးနေတာကတစ်ဖက်ပေါ့။


-Episode 3

-Talent or Passion?

-Songwriter's Notes Podcast

----------------------------------------

ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး​နွေးချင်တဲ့အ​ကြောင်းအရာ​တွေကိုလည်း Comment Box က​နေ တစ်ဆင့် ဆွေး​နွေးထားလို့ရပါတယ်။ အပိုင်းသစ်​တွေ​အတွက် ကျွန်​တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Youtube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #songwritersnotes #songwriting #wiramoenay #musiclistening #podcast #episode2 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း

adbl_web_anon_alc_button_suppression_t1
No reviews yet