• ဇန်နဝါရီလ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် တစ်ဦးချင်းအယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ
    Jan 11 2026

    တစ်ဦးချင်းအယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ

    ဘိသိက်တိုးပွားခြင်း- ကျွန်ုပ်တို့၏ဆုတောင်းချက်များကို တန်ခိုးနှင့်ဖြည့်ပေးရန် ဘုရားသခင်ထံ ဆုတောင်းပါ။ (လုကာ ၄:၁၈)

    ယုံကြည်ခြင်းတိုးပွားခြင်း- အယူခံဝင်ဆုတောင်းသူများသည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဆုတောင်းကြစေရန် ဆုတောင်းပါ။ (၂ ကောရိန္သု ၅:၇)

    မေတ္တာတိုးပွားခြင်း- အယူခံဝင်ဆုတောင်းသူများသည် ဗုဒ္ဓဘာသာဝင်များအပေါ် မေတ္တာတိုးပွားစေရန် ဆုတောင်းပါ။ (ရောမ ၁၅:၃၀)

    Show More Show Less
    3 mins
  • ဇန်နဝါရီလ၏ပထမဆုတောင်းခြင်းအစီအစဉ် ကြားဝင်ဆုတောင်းသူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်
    Jan 4 2026

    ဇန်နဝါရီလ၏ပထမဆုတောင်းခြင်းအစီအစဉ်

    ကြားဝင်ဆုတောင်းသူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်

    ကြားဝင်ဆုတောင်းသူများ- ကြားဝင်ဆုတောင်းသူများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို စတင်တွေ့ရှိနေကြပြီဖြစ်သည်။ မယုံကြည်သူတိုင်းနိုင်ငံများအတွက် ဆုတောင်းခြင်းဖြင့်ရပ်တည်ပေးမည့်သူ များစွာပေါ်ပေါက်လာရန် ဆုတောင်းပါ။ (ယေဇကျေလ ၂၂:၃၀)

    လုံ့လဝီရိယ- ကြားဝင်ဆုတောင်းသူများအနေဖြင့် မယုံကြည်သူတိုင်းနိုင်ငံများအတွက် ဆုတောင်းရာတွင် သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်ရန် ဆုတောင်းပါ။ (ယာကုပ် ၅:၁၆)

    ပွားများခြင်း- ကြားဝင်ဆုတောင်းသူများအနေဖြင့် မယုံကြည်သူတိုင်းနိုင်ငံများအတွက် ရည်ရွယ်ချက်ရှိစွာ ကြားဝင်ဆုတောင်းမည့်သူများ ပိုမိုများပြားလာရန် ဆုတောင်းပါ။ (ရောမ ၁၅:၃၀)

    Show More Show Less
    4 mins
  • ဒီဇင်ဘာလ၏ ပဉ္ဆမဆုတောင်းခြင်းအစီအစဉ် ခရစ်စမတ်သတင်းကောင်းသည် ဘိသိတ်နှင့်ပြည့်ဝသော သတင်းကောင်းဖြစ်စေရန်
    Dec 28 2025

    ခရစ်စမတ်သတင်းကောင်းသည် ဘိသိတ်နှင့်ပြည့်ဝသော သတင်းကောင်းဖြစ်စေရန်

    ၁။ခရစ္စမတ်လက်ကမ်းစာစောင်များ - ခရစ္စမတ်လက်ကမ်းစာစောင်များသည် ဘိသိက်နှင့်ပြည့်သောသတင်းကို ယူဆောင်လာရန် ဆုတောင်းပါ။

    ၂။မေတ္တာ၊ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်း - ဘဝသစ်တစ်ခုကို ရှာဖွေနေသူများ၏ နှလုံးသားထဲသို့ စစ်မှန်သောမေတ္တာ၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်း ဝင်ရောက်လာစေရန် ဆုတောင်းပါ။

    ၃။ယေရှုအတွက်ဆုံးဖြတ်ချက်များ - ယုံကြည်သူအသစ်များသည် ကိုယ်တော်ပေးတဲ့ အသစ်သောအသက်တာအတိုင်း လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ထားရန် ဆုတောင်းပါ။

    Show More Show Less
    4 mins
  • ဒီဇင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ခရစ်စမတ်ကာလအတွင်း မယုံကြည်သူများ၏နှလုံးသားတံခါးများ ပွင့်စေရန်
    Dec 21 2025

    ခရစ်စမတ်ကာလအတွင်း မယုံကြည်သူများ၏နှလုံးသားတံခါးများ ပွင့်စေရန်

    ၁။အမှန်တရားကိုသိမြင်လာခြင်း - ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများကို သစ္စာရှိရှိလိုက်နာသူများသည် အမှန်တရားကိုသိမြင်လာပြီး ခရစ္စမတ်၏မျှော်လင့်ချက်အပေါ် နူးညံ့သိမ်မွေ့လာစေရန် ဆုတောင်းပါ။

    ၂။နားလည်မှု - ဗုဒ္ဓဘာသာဝင်များ၏နှလုံးသားထဲတွင် ဘုရားသခင်အကြောင်း နက်နဲသောနားလည်မှုကို ပေးသနားရန် ဘုရားသခင်အား ဆုတောင်းပါ။

    ၃။ တုံ့ပြန်မှုရှိသောနှလုံးသားများ - လူများစွာသည် ခရစ္စမတ်ဇာတ်လမ်းကို အပြုသဘောဆောင်စွာ တုံ့ပြန်နိုင်ရန် ဆုတောင်းပါ။

    Show More Show Less
    4 mins
  • ဒီဇင်ဘာလ၏ တတိယဆုတောင်းခြင်းအစီအစဉ် မယုံကြည်သူတိုင်းနိုင်ငံများအတွက် တံခါးများပွင့်စေရန် ဆုတောင်းချက်များ
    Dec 14 2025

    မယုံကြည်သူတိုင်းနိုင်ငံများအတွက် တံခါးများပွင့်စေရန် ဆုတောင်းချက်များ


    ၁။နေရာအသစ်များ - မယုံကြည်သူတိုင်းနိုင်ငံများတွင် ခရစ္စမတ်သတင်းစကားမရရှိသေးသော နေရာများအတွက် ဘုရားသခင်ထံ ဆုတောင်းပါ။

    ၂။တရားဟောရန်အခွင့်အလမ်းများ - ဤခရစ္စမတ်ရာသီအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော်ဟောပြောနိုင်ရန် တံခါးများဖွင့်ပေးရန် ဆုတောင်းပါ။

    ၃။ခရစ်တော်နှင့်တွေ့ဆုံခြင်း - ထိုကဲ့သို့တံခါးများဖွင့်ပြီး ဧဝံဂေလိတရားဟောပြောသည့်အခါ ကယ်တင်ရှင်ခရစ်တော်နှင့် နှဖူးတွေ့ဒူးတွေ့ တွေ့ဆုံမှုများ ရရှိရန် ဆုတောင်းပါ။

    Show More Show Less
    4 mins
  • ဒီဇင်ဘာလ၏ဒုတိယဆုတောင်းခြင်းအစီအစဉ် မယုံကြည်သူတိုင်းနိုင်ငံများ၏ ခရစ်စမတ်အချိန်ကာလအတွက်ဆုတောင်းချက်များ
    Dec 7 2025

    မယုံကြည်သူတိုင်းနိုင်ငံများ၏ ခရစ်စမတ်အချိန်ကာလအတွက်ဆုတောင်းချက်များ


    ၁။ ဒေသခံဘုရားကျောင်းများ - ခရစ္စမတ်အကြောင်း စိတ်ဝင်စားသော ဗုဒ္ဓဘာသာဝင်များထံ ဒေသခံဘုရားကျောင်းများက ဧဝံဂေလိတရားကို ဟောပြောနိုင်ရန် ဆုတောင်းပါ။

    ၂။ ကျောင်းများ - ကျောင်းများသည် ခရစ္စမတ်အကြောင်းဟောပြောခြင်းများအား ကြိုဆိုကြရန် ဆုတောင်းပါ။

    ၃။ အိမ်နီးချင်းများ - ခရစ်ယာန်များသည် ၎င်းတို့၏ ဒေသခံဘုရားကျောင်းမှ ကျင်းပသော ခရစ္စမတ်ပွဲများသို့ ၎င်းတို့၏ အိမ်နီးချင်းများကို ဖိတ်ခေါ်ကြရန် ဆုတောင်းပါ။

    Show More Show Less
    5 mins
  • ဒီဇင်ဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုများအတွက် ဆုတောင်းချက်များ
    Nov 30 2025

    ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုများအတွက် ဆုတောင်းချက်များ

    ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် - ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုသည် ကျန်ရှိသော ခရစ်ယာန်မရှိသော ကျေးရွာများ ၇၅၀၀၀ ကို ပျံ့နှံ့ရောက်ရှိစေရန် ဆုတောင်းပါ။

    နက်နဲစွာ လုပ်ဆောင်ရန် - နက်ရှိုင်းစွာ တပည့်တော်မွေးထုတ်ခြင်းသည် ထိုင်းနိုင်ငံရှိ ကျေးရွာတိုင်းတွင် မွေးဖွားလာစေရန် ဆုတောင်းပါ။

    သန်မာစွာ လုပ်ဆောင်ရန် - ထိုင်းနိုင်ငံရှိ တိုင်းဒသများတစ်ခုစီတွင် ခိုင်ခံ့သောခေါင်းဆောင်များ ပေါ်ပေါက်လာစေရန် ဆုတောင်းပါ။ မိခင်အသင်းတော်များသည် အခြားသောတိုင်းဒေသများတွင် အသင်းတော်များမြောက်များစွာ စတင်တည်ထောင်ကြရန် ဆုတောင်းပါ။

    Show More Show Less
    4 mins
  • နိုဝင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် တည်ကြည်သောအသီးများသီးရန် ဆုတောင်းချက်များ
    Nov 23 2025

    တည်ကြည်သောအသီးများသီးရန် ဆုတောင်းချက်များ

    ခိုင်ခံ့သောအသင်းတော်များ: ထိုတိုင်းနိုင်များရှိ အသင်းတော်များသည် ခရစ်တော်၌ ခိုင်ခံ့မြဲမြံနေစေရန် ဆုတောင်းပါ (ယော ၁၅:၁၆) ။

    ပွားများခြင်း: ထိုတိုင်းနိုင်များ၌ အသင်းတော်သည် ခိုင်ခံ့တည်ကြည်ရုံသာမကဘဲ ကြီးပွားတိုးတက်စေရန် ဆုတောင်းပါ (တ ၂:၄၇) ။

    ကြားဝင်ဆောင်ရွက်ပေးသူများ: မယုံကြည်သူများကို ဘုရားသခင်ထံပို့ဆောင်ရန် ကြားဝင်လုပ်ဆောင်မည့်သူ၊ ဆုတောင်းသူ အယောက်၅၀,၀၀၀ကျော် ပေါ်ထွက်လာရန် ဆုတောင်းပါ။ (မဿဲ ၂၄:၁၃) ။

    Show More Show Less
    4 mins